Sunday, December 21, 2008

သူငယ်ချင်းပြောတဲ့ အဖြူရောင် သံယောဇဉ်

......."သူငယ်ချင်းပြောတဲ့...အဖြူရောင်သံစဉ်".........
ငါတစ်ယောက်ထဲ...အခန်းကျဉ်းလေးထဲမှာပေါ့......
နှလုံးသားရဲ့ကွဲအက်သံတွေကို...........
အချစ်ရဲ့....ကာရံတွေနဲ့ပေါင်းစပ်ပြီး.....
မင်းအပြုံးလေးကိုမေ့ပစ်ဖို့ကြိုးစားနေတယ်....
အဲဒီနေ့က...မထင်မှတ်ခဲ့ပါဘူး...........
ငါ့ခြေလှမ်းတွေသေဆုံး............
နှလုံးသားတွေကြွေလွင့်ခဲ့မယ်ဆိုတာကိုပေါ့.....
ငါလေ.....မျှော်လင့်ချက်တွေကို...အရှိန်တင်....
ငါစိတ်တွေကိုအားကုန်ရွက်လွှင့်လို့........
နှုတ်ခမ်းပါးလေးရှိရာဆီကို...ငါအိပ်မက်မက်ခဲ့တယ်....
တွေးမထားခဲ့မိပါဘူး......
ငါ့အိပ်မက်တွေပျောက်ဆုံး....
မျှော်လင့်ချက်တွေ..ဆိတ်သုဉ်းသွားမှာကို...
ငါမစဉ်းစားခဲ့မိပါဘူး....
မင်းအပြုံးလေးရဲ့နောာက်ကွယ်က...ငါ့မျက်ဝန်း...
ရိုးသားမှုတွေ...ကင်းမဲ့လို့....
ငါ့စိတ်တွေကလည်း...မင်းရဲ့စကားလုံးတွေကြားမှာ...
မျောလွင့်နေကြတယ်.....
သူငယ်ချင်းရယ်......ငါလေ....ငါပြောမထွက်တော့ဘူး.........
ငါ့ရဲ့အချစ်တွေ....မင်းရဲ့နှုတ်ခမ်းပါးလေးကိုမကျော်လွှားနိုင်တော့ဘူး......
ငါ့ရဲ့ကြင်နာမှုတွေ...မင်းရဲ့နှလုံးသားကိုအရောင်မဆိုးရက်တော့ပါဘူး....
တိတ်တခိုးချစ်နေတဲ့ငါ...
ဟန်ဆောင်မှုတွေရဲ့...ထိုးနှက်ချက်တွေကို..ခံယူပြီး..
အရိပ်အလေးအဖြစ်နဲ့....မင်းအပါးမှာ..ခိုလှုံခွင့်ပေးပါကွာ....
သူငယ်ချင်းရယ်....ငါလေ...မင်းကိုငါချစ်တယ်...
မင်းကိုငါအရမ်းချစ်ခဲ့တယ်........
မင်းမျက်ဝန်းလေးမှာ....ပိုင်ရှင်ရှိခဲ့တယ်ဆိုရင်တောင်
ငါကျေနပ်မှုတွေနဲ့အားတင်းပြီးငါပြုံးနေပါ့မယ်....
ဒါပေမယ့်....သူငယ်ချင်းရယ်....
ငါနှလုံးသားလေးထဲက.....မင်းအပြုံးလေးကိုတော့...
ပြန်ယူမသွားပါနဲ့ကွာ..........
မင်းအပြုံးလေးနဲ့အသက်ဆက်...
မင်းနှုတ်ခမ်းပါးလေးနဲ့....ပျော်နေတတ်တဲ့ငါ့ကို....
ကိုယ်ချင်းစာပေးပါဦး....
အခုတော့...မင်းမသိအောင်ရေးခဲ့တဲ့.....
ငါ့ရဲ့ကဗျာစာသားတွေလည်း....
အရောင်တွေမှေးမှိန်လို့.....
စာရွက်အဖြူလေးကလည်း.....ငါ့ကိုပြောနေပြီ...
"တော်ပါတော့ကွာ...မရေးပါနဲ့တော့....
နာကျင်မှုတွေကို.....မျက်ရည်နဲ့အရောင်တင်ပြီး....
ရေးထားတဲ့...မင်းရဲ့ကဗျာစားသားတွေကို....
ငါလက်မခံနိုင်တော့လို့ပါ....."တဲ့...
ငါ့ရဲ့နာကျင်မှုတွေနဲ့....၀မ်းနည်းမှုတွေကို...
စာရွက်အဖြူလေးက....အသိဆုံးပါ...
မင်းကတော့...သိခဲ့မယ်မထင်ဘူး.....
မင်းသိခဲ့ရင်..... မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းပါးလေးအစိမ်းရောင်သမ်းလို့....
ဖြူစင်လွန်းတဲ့မင်းအပြုံးလေး...
ရက်စက်တတ်သွားမှာကို....ငါစိုးရိမ်လို့ပါ....
ငါလေ...အိပ်မက်ထဲမှာလဲ....
ငိုရှိုက်နေတဲ့နှလုံးသားကိုဖေးမလို့....
ကျရှုံးခြင်းဆိုတဲ့..ပုံရိပ်ဆိုးတွေရှေ့မှာ....
ဒူးထောက်နေရတယ်.......
သူငယ်ချင်းရယ်........
မင်းကို...ငါဘယ်လောက်ထိချစ်ခဲ့တယ်ဆိုတာ..
ငါအသိဆုံးပါ.....
ငါ့မျက်ရည်တွေလည်းခန်းခြောက်နေပြီ...
အသက်ငွေ့ငွေ့သာကျန်တော့တဲ့....ငါ့နှလုံးသား..
မင်းပြောပြတဲ့....အဖြူရောင်သံစဉ်လေး....
ပျောက်ကွယ်မသွားအောင်...
မင်းမမြင်နိုင်တဲ့နေရာကပဲ....
တစ်သက်လုံးငါချစ်နေတော့မယ်.....သူငယ်ချင်းရယ်..........

Sunday, November 2, 2008

ကြယ်လိုကြွေတဲ့ ဂတိတွေ

အဲ့ဒီတုန်းကမာယာတွေကို

မသိခဲ့ဘူး

မသုံးခဲ့ဘူး

ဘ၀ရဲ့ အထူအပါးနားမလည်သူပါ

ကောင်းကင်ကို

ထိလုလု မြင့်မား

နင်ရဲ့မာယာတွေကြားမှာ

အကြိမ်ကြိမ်ဦးညွှတ်ခဲ့သူပါ

အေးစက်ရှည်လျားတဲ့

ရက်စက်မှုတွေကြား

ငါ့မာနက

အလျားလိုက် အလှီးခံရပြန်တယ်

အံ့သြခြင်းနဲ့အတူလေးစားမိတဲ့

နင်တို့ရဲ့လှည့်ကွက်တွေ

ငါ့ကောင်းကင်မှာ

ကတိတွေကြယ်လိုကြွေနေပြီ။

ဒဏ်ရာတွေတစ်ခါရတိုင်း

ဟောင်းနွမ်းနေတဲ့အိမ်မက်တွေက

သစ်သစ်လွင်လွင်

တောက်လောင်နေလိုက်ကြတာ

ငါ့ဘ၀ကြီး

မီးကျွမ်းနေပြီ

ရာသီတွေ အခါခါလည်ခဲ့ပြီ

ငါ့နာမည်လေးကတော့

ငါ့ရင်ဘတ်ပေါ်မှာ

ပြာလဲ့နေတုန်းပဲ

ငါဟာချစ်ခြင်းမေတ္တာမှာ

လုံလောက်စွာ

ညံ့ဖျင်းခဲ့သူပါ

ခပ်ဝေးဝေးမှာပဲ

စိမ်းလန်းနေပါ

မမှန်တဲ့ကတိတွေကြားမှာငါ

ဆက်သာယာမနေချင်တော့ဘူး
ပိုးဥ

Wednesday, July 23, 2008

ရစ်သီရစ်သီအလွမ်းများ

* ညတွေကတော့......
ကိုယ့်အလွမ်းတွေ
ကိုယ်ပြန်ကြားနိုင်အောင်
ခြောက်ကပ်နေပေါ့။

* အလွမ်းတွေကို
မော့ချလိုက်တော့
ရင်ထဲ.....
ကြယ်တစ်စင်းကြွေသွားတယ်

* အရင်ညတွေက
သာခဲ့တဲ့လမင်း
ခုတော့.......
ဘယ်ရင်ခွင် ခိုလှုံနေလဲ ?

* အရင်ကတော့
မင်းနှုတ်ခမ်းတွေက
အနွေးထွေးဆုံးပဲလို့
ထင်ခဲ့ဖူးတယ်

* နင်နဲ့ ပတ်သတ်မိရင်
ငါ့လက်ထဲကို
အရှုံးတွေပဲ ရောက်လာတတ်တာ
ဘာကြောင့်လဲ ?

* နင့်နှုတ်ခမ်းတွေနောက်က
မုန်တိုင်းတွေနဲ့
ငါ့ဘ၀ကို......
နာကျင်စေဦးမှာလား ?

* နင့်ကို ချစ်တယ်
ဒါ .... ငါ အပြောချင်ဆုံး စကား
နင့်ကို အရမ်းချစ်တယ်
ဒါ .... ငါ မပြောနိုင်တော့တဲ့ စကား

* နင့်ကို ချစ်ခဲ့တာ
ဘာကြောင့်လဲ ဆိုတာကိုတော့
စာမေးပွဲခန်းက မေးခွန်းမဟုတ်ပါပဲ
ငါ ....မဖြေနိုင်ခဲ့ဘူး။

* နောက်ဆုံးအနေနဲ့
နင့်ရဲ့ မုန်တိုင်းတွေထဲကို
နာကျင်မှာမှန်း သိရက်နဲ့
တိုးဝင်လိုက်တယ်.....

* မိုးလေ၀သက မကြေငြာဘဲ
ဘာကြောင့်များ
ငါ့မျက်လုံးတွေက
မိုးတွေရွာနေရတာလဲ
(ဇာတိ)

Friday, July 4, 2008

Thursday, June 26, 2008

တရေးနိုး ရင်ခုန်သံ

ရင်ခုန်သံဆိုတာ
မေ့နေတာကြာပေါ့...
သတိလာပေးတဲ့ ကောင်မလေးရေ
မင်းအရွယ်က ငယ်ပါသေးတယ်ကွာ
မင်းအတွက် အမှတ်တရပစ်မှတ်တွေက
ငါ့အတွက် မထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်နေတယ်...
စိတ်ကစားတဲ့မင်းအရွယ်နဲ့
တည်ငြိမ်စပြုနေတဲ့ ငါ့အရွယ်ကို
နားလည်ပေးလိုက်ပါကွာ...
မင်းကထွက်ပေါက်ရှာပေမယ့်
အသက်လောက် ချစ်သွားရင်ခက်ကုန်ရချေရဲ့ကွယ်...
အရွယ်ရောက်နေပေမယ့်
မရင့်ကျက်သေးတဲ့
နှလုံးသားကို
မင်းကရိပ်မိနေတော့လဲ
ငါ့အတွက်ကတော့
ပြေးသာပြေးရ ခြေလှမ်းကမသွက်
မေးသာမေးရ ရည်မှန်းတာကအခက်ပေါ့ကွာ...
အင်း...
နောက်ဆုံးတော့လည်း
မာယာကျော့ကွင်း
ကျေနပ်စွာ လဲပြိုကျခဲ့ရပေါ့...
အံကြိတ်ပြီး မာန်တင်းခဲ့တာသာ
အဖတ်တင်ခဲ့ရပေါ့
မျက်မြင်မတွေ့လိုက်လို့ တော်သေးတာပေါ့လေ..... :)

Tuesday, June 24, 2008

လွတ်မြောက်ရာ

ဘ၀တဲ့...
ကူးရခတ်ရတာ
ခြေကုန်လက်ပမ်းကျမှ
မောရမှန်း စသိလာတယ်...

ထွက်ပေါက်တွေ ပွင့်လိုက်
ဝင်ပေါက်တွေ ပွင့်လိုက်နဲ့
တံခါးတွေကို အခါခါဖွင့်ရင်း
လမ်းတွေလျှောက်ခဲ့တာလည်း
မရေမတွက်နိုင်အောင်ပါပဲ...

ဒါပေမယ့် နောက်ဆုံးတော့...
ဘယ်အရာကများ အဓိပ္ပါယ်ရှိလို့လဲကွယ်...

ဒီလိုနဲ့ပဲ
ဘ၀တစ်ခုကနေ တစ်ခု
ကူးရင်းသန်းရင်းနဲ့
လမ်းတစ်နေရာမှာ
နာကျင်ဆင်းရဲမှု အတိုင်းအဆကို
သိလိုက်ရတဲ့ခဏ
ရုန်းထွက်ဖို့ လမ်းစပဲ
အငမ်းမရ ရှာမိတော့တယ်...

ကံကောင်းစွာ...
သိပ်ကိုကံကောင်းစွာ...
လွတ်မြောက်ရာ တစ်နေရာက
အလင်းရောင်ဖြာကျနေတာ
သေချာမြင်လိုက်ရတယ်...

အရောက်သွားနိုင်ကောင်းပါရဲ့လို့
ရုန်းထခါမှပဲ...
ခြေကုန်လက်ပမ်းကျနေတာ သတိရတော့တယ်...

ဟိုးအဝေးကြီးက
အလင်းရောင်ကိုတော့ မြင်နေရတုန်းပါပဲ...
အင်း... ဝေးတော့ သိပ်ဝေးတယ်...
ဒါပေမယ့်... ရောက်အောင်သွားရလိမ့်မယ်...

ရွှေပြည်သူ

Monday, June 23, 2008

ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ ( တာရာမင်းဝေ )

တာရာမင်းဝေ ရဲ့ မိုးခေါင်လို့ တီးတဲ့ဗုံသံ ထဲက ကဗျာလေးတစ်ပုဒ်ပါ။

ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ

နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ..
ဒီလကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေ ကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက..
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

သွားတော့မယ်နော်..
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်း လွင့်ကြဲနေတယ်။

ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖြန်ခါဟာ နာမည်ဆိုး မရှိပါဘူး။

ဒါပေမယ့်
လွမ်းဆွတ်နေသူ တစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေ ရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။

ဒီည.
နောက်ည..
ဘယ်လိုမှ နိဂုံး ချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့ လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။

ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံး စာမျက်နှာ ထက်၌
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံ အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ
ရှ...အက်...ကြေ...ကွဲ
မင်နီတွေနဲ့ ရဲ လို့ပေါ့ကွယ်။

Sunday, June 1, 2008

တစ်ကိုယ်တော်

ဘ၀ကို တစ်ခါတစ်ခါအပေါ်စီးက ငုံ့ကြည့်ရတော့လည်းသိပ်မဆိုးလှဘူးလို့ ထင်လာတယ်။ဖျားနာမှုကိုမှ မစားသောက်ရင် တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ။ မြစ်ဘေးက သစ်ပင်လို သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။ဒါမှမဟုတ် ပိုက်ဆံ တတ်နိုင်တဲ့အခါကျရင် ရောဂါတစ်ခုခုရဲ့ နာမည် ကို ၀ယ်ယူပြီး ကိုယ့်ကိုယ်ကို စိတ်ပူကြည့်နေချင်တယ်။ လူတွေက တစ်ခါတစ်ခါလဆန်းလိုက် တစ်ခါတစ်ခါ လဆုတ်လိုက်နဲ့ သူတို့ရဲ့စိတ်ဒီရေက အတက်အကျ ရှုပ်လွန်းတော့လည်း (ကိုယ့်သင်္ဘောကိုယ်) ဘယ်လို ခုတ်မောင်းရမှန်း မသိတော့ပြန်ဘူး။ ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ ငါ့ ဈပနကို ငါတစ်ယောက်တည်းချမယ်။ လောလောဆယ်မှာ လိုလိုမည်မည် ငါစဉ်းစားကြည့်နေမိတာကတော့ အခုတည်ခင်းတဲ့ ညစာကို နာမည် ဘယ်လိုပေးရင်ကောင်းမလဲဆိုတာကိုပဲ။မင်းခိုက်စိုးစံ

Friday, May 30, 2008

ကျောင်းတော်က သူငယ်ချင်းအ၀ါ

လွမ်းတယ်ကောင်မလေးရယ်. .ဘယ်ကဗျာတွေဆီကိုပဲရောက်ရောက်နင်ရဲ့စိတ်ကို တံခါးလှမ်လှမ်းခေါက်မိတယ်. .ငါကိုငါလွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့ဒါပေမယ့် ကျောင်းတော်ကဖြင့်အခုထိမြူပြာတွေထဲမှာ ပွင့်နေတုန်း. . .ချစ်ခြင်းတရားဟာငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာခဲ့ဘူးဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်းမထူးတော့ပါဘူး . . .အစကတည်းက သူငယ်ချင်းဆိုတာ . . . ဆွတ်ခူးဖို့မှမဟုတ်ဘဲ
တာရာမင်းဝေ

Wednesday, May 21, 2008